Technology
A+ Online Class
Computer တစ်လုံးလက်ဝယ် ရှိထားသူတွေအနေနဲ့ Computer သုံးရင်းဖြစ်တတ်တဲ့ Error တွေ ဖြေရှင်းနည်း၊ တော်ရုံဆိုင်သွားစရာမလိုအောင် ပြုပြင်နည်းတွေကို ပြည့်ပြည့်စုံစုံသင်ကြားပေးထားတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။ Desktop PC အသုံးပြုသူတွေအနေနနဲ့ အဖြုတ်အတပ်တွေ ဖြစ်တတ်တဲ့ error တွေအကြောင်းကို အသေးစိတ်
သင်ကြားပေးထားတာဖြစ်ပါတယ်။
အခန်း ၁ - Computer မိတ်ဆက်
ဒီအခန်းမှာတော့ A+ လေ့လာသူအဖို့ မဖြစ်မနေသိထားရမယ့် အချက်အလက်တွေ၊ နောက်ပြီး Computer တစ်လုံး ဝယ်ယူတဲ့အခါ သိထားသင့်တဲ့ အချက်အလက်တွေကို အသေးစိတ်လေ့လာရမှာပါ။ ကိုယ့်အတွက်တင် မဟုတ်ပဲ တခြားတစ်ယောက်က လာမေးခဲ့ရင်လည်း အကူအညီပေးနိုင်မှာပါ။ Laptop ,Desktop တွေအတွက် Software, Game , Windows Install ပြုလုပ်တတ်ချင်သူတွေအတွက် အထူးတတ်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်
အခန်း ၂ - Computer တစ်လုံး တပ်ဆင်နည်း/ဖြုတ်နည်း
အခန်း၂ မှာတော့ Computer တစ်လုံး အစ၊အဆုံး အဖြုတ်/အတပ်ပြုလုပ်နည်းကို အသေးစိတ်လေ့လာရမှာပါ။ A+ အကြောင်း အပြည့်အစုံ လေ့လာမယ်ဆို ပစ္စည်းအဖြုတ်/အတပ်တွေကို မေ့ထားလို့မရပါဘူး။
အခန်း ၃ - Windows Installation
ဒီအခန်းမှာတော့ Windows Installation ပြုလုပ်ပုံနဲ့ Driver Install ပြုလုပ်ပုံအသေးစိတ်ကို Desktop နဲ့ Laptop ဆိုပြီး ၂မျိုးစလုံးအတွက် ဖော်ပြပေးထားပါတယ်။ စလေ့လာချင်းမှာတော့ မှတ်မိဖို့ ခက်ခဲတယ်ထင်ရပေမယ့် သေချာ ထပ်ခါထပ်ခါ လေ့လာမယ်ဆိုရင်တော့ မခက်ခဲပါဘူး။ ဆိုင်တွေမှာ သွားအပ်ပြီး Windows တင်ခိုင်းရင် အနည်းဆုံး သောင်းဂဏန်းလောက်ပေးရတာကြောင့် လေ့လာထားရင်တော့ ကိုယ်စိတ်တိုင်းကျ တင်လို့ရတာပေါ့။
အခန်း ၄ - လိုအပ်သော Software များ Installation ပြုလုပ်ခြင်း
Windows တင်ပြီးလို့ software install လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ ရှိပြီးသားစက်မှာ Software Install လုပ်ချင်လို့ပဲဖြစ်ဖြစ် ဒီအခန်းကို လေ့လာမယ်ဆိုရင် software installation လုပ်ရမှာက မခက်ခဲတော့ပါဘူး။ ရုံးသုံး စက်တစ်လုံးစာအတွက် software တွေများစွာကို installation လုပ်ပြထားတာမို့ နောက်ဆိုဘယ်လိုရှာရမယ်၊ဘယ်လို software ထည့်သွင်းရမယ်ဆိုတာကို ဒီ video လေးပြန်ကြည့်လို့ ရပါတယ်။
အခန်း ၅ - Windows Setting များအကြောင်း
ဒီအခန်းမှာတော့ Windows 10 ရဲ့ အသုံးဝင်တဲ့ setting တွေအကြောင်းကို ရှင်းပြထားပါတယ်။ အကုန်မှတ်မိဖို့တော့ မလွယ်ပေမယ့် တကယ်လိုအပ်တဲ့ အခါ ဒီအထဲက setting တွေက အရမ်းအသုံးဝင်တာမို့ မလေ့လာပဲ မနေသင့်ပါဘူး။
အခန်း ၆ - Control Panel Setting များအကြောင်း
ဒီအခန်းမှာတော့ computer တစ်လုံးရဲ့ setting တွေစုထားတဲ့ Control Panel Setting ကိုလေ့လာရမှာပါ။ control panel ကို သိမှသာ Setting တွေကို အလွယ်တကူရှာနိုင်သလို error တွေဖြေရှင်းရမှာလည်း အရမ်းအသုံးဝင်ပါတယ်။ Windows 7, 8, 8.1 တွေနဲ့လည်း တူတူပါပဲ။
အခန်း ၇ - Windows 10 ရဲ့ Administrative Tools များအကြောင်း
ဒီအခန်းမှာတော့ Windows မှာ Original ပါလာတဲ့ Hard Disk Tools တွေအကြောင်းကို လေ့လာရမှာပါ။ ဒီ Tools တွေကို ကောင်းကောင်းအသုံးပြုတတ်တယ်ဆိုရင် Hard Disk Error တွေကို တော်တော်လေး ဖြေရှင်းနိုင်မှာပါ။ A+ သမားတစ်ယောက်အနေနဲ့ မဖြစ်မနေသိထားရမှာပါ။
အခန်း ၈ - Hardware Error အဖြေရှာနည်း
A+ Hardware မှာ ပစ္စည်းမကောင်းရင် ဖြုတ်လဲရတယ်ဆိုပေမယ့် ဘာကြောင့်Error ဖြစ်တယ်၊Error တွေမှာ ဘယ်လိုကွဲပြားမှုရှိတယ်ဆိုတာကို ဒီအခန်းမှာ အသေးစိတ်သိရမှာပါ။ hardware error တွေလေ့လာရမှာဆိုတော့ ဖုန်ပေမှာကြောက်လို့မရပါဘူးနော်။
အခန်း ၉ - Windows Error ဖြေရှင်းနည်း
ဒီအခန်းမှာတော့ Windows မှာ အဖြစ်များတတ်တဲ့ Error တွေနဲ့ ဖြေရှင်းနည်းတွေကို လေ့လာရမှာပါ။ Computer တစ်လုံးသုံးမယ်ဆို မဖြစ်မနေကြုံတွေ့ရမယ့် Error တွေမို့ လေ့လာထားတာ မမှားပါဘူး။
အခန်း ၁၀ - Registry, Group Policy နှင့် Run Box Commands များအကြောင်း
ဒီအခန်းကတော့ Advanced A+ လို့တောင် ဆိုရမှာပါ။ တော်ရုံ user တွေ မသိတဲ့ registry,group policy ,run box တွေအသုံးပြုပြီး error ဖြေရှင်းနည်းတွေကို လေ့လာရမှာပါ။ ဒါတွေသိထားရင်တော့ ဘာ error လာလာ ဖြေရှင်းနိုင်သလောက်ဖြစ်နေပါပြီ။
အခန်း ၁၁ - Network Basic
ဒီအခန်းမှာတော့ A+ သင်တန်းပြီးရင် Network တက်ချင်သူတွေအတွက် ဒီအခန်းက အသုံးဝင်မှာပါ။ Computer ပြုပြင်ရမှာလည်း Network နဲ့ အလုပ်လုပ်ရတာတွေရှိတာကြောင့် သိထားသင့်ပါတယ်။
အခန်း ၁၂ - Knowledge Program
ဒီအခန်းလေးကတော့ A+ online သင်တန်းရဲ့နောက်ဆုံးသင်ခန်းစာလေးပါ။ ဒီအခန်းမှာ လတ်တလော ကြုံတွေ့နေကြဖြစ်တဲ့ error လေးတွေနဲ့ အကျိူးရှိတဲ့ သင်ခန်းစာတွေ ဖြည့်စွက်ထားပါတယ်။ ဒီအခန်းထိ အကုန်လေ့လာခဲ့တယ် ဆိုရင်တော့ A+ အကြောင်း အတော်လေးနားလည်သွားပြီလို့ ယူဆပါတယ်။ ပညာတစ်ခုဆိုတာလေ့လာရုံနဲ့ မပြီးပဲ အတွေ့အကြုံကလည်း အရေးကြီးပါတယ်။ IT Knowledge တွေဆိုတာ ပြီးဆုံးတယ်လို့မရှိပါဘူး ခေတ်နဲ့အညီ ပြောင်းလဲ နေတာမို့ ဆက်လက်လေ့လာနေဖို့လိုအပ်ပါတယ်။ ဒီသင်တန်းလေးကို တက်ပြီး ကိုယ့်ဘဝအတွက် အကျိုးရှိခဲ့တယ်ဆိုရင်ပဲ Myanmar Pyi Team ကလူတွေ ပင်ပန်းရကျိုးနပ်ပါပြီ။ နည်းပညာနယ်ပယ်မှာ အောင်မြင်တဲ့သူတွေ ဖြစ်ကြပါစေ။
ပုံမှန်သင်တန်းကြေး - ၅,၀၀၀ ကျပ်
သင်တန်းအပ်နှံလိုပါက Comment တွင်
OC5000 ဟုရေးပေးခဲ့ပါဗျ။ ချက်ချင်း Reply ပြန်ပေးပါ့မယ်ခင်ဗျာ။
(သို့မဟုတ်)
Myanmar Pyi Page Messenger (m.me/myanmarpyi.com.mm) သို့
OC5000
ဟုစာပို့ပြီးသင်တန်းအပ်နိုင်ပါတယ်ခင်ဗျာ။

Comments
Post a Comment